Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Tuesday, May 5, 2009

ဖွယ်ဖွယ်ရာရာ အချစ်စကားလုံးလေးများ

၁။ ။ everything has the beginning ဆိုတဲ့ စကားလုံးကမှန်ပေမယ့် မင်းကို အဆုံးအစမရှိချစ်တဲ့ ကိုယ့်အချစ်ကသာလို့  မှန်ပါတယ်ကွာ။

၂၊ ။ မင်းနဲ့ ကိုယ်နဲ့ ဝေးတယ်ဆိုတာက မင်းနဲ့ ကိုယ်နဲ့ ထပ်တွေ့ ဖို့ ပါကွာ။

၃။ ။ ကိုယ် ကလေးတွေကို မချစ်တတ်တာက မင်းကိုပေးတဲ့ အချစ်ကို မဝေမျှချင်လို့ ပါကွာ။

၎။ ။ မင်းအချစ်ကို ပုံဖော်မယ့်အစား ငါ့နှလုံးသားကိုသာ ဆေးခြယ်လိုက်ပါ။

၅။ ။ လမင်းနဲ့ ပင်လယ်လိုပဲ မင်းနဲ့ တွေ့ ရင် ငါ့နှလုံးခုန်ချက်တွေ အဆက်မပြတ် တက်လိုက်ကျလိုက် ဖြစ်နေတယ်ကွာ။

၆။ ။ ငါ့မျက်လုံးမှိတ်တိုင်း မင်းပုံရိပ်တွေပဲ စိုးမိုးနေလို့  တရားထိုင်လို့ တောင်မရ ဖြစ်နေတယ်ကွာ။

ရ။ ။ မင်းရဲ့ လှပတဲ့ အပြုံးတွေကြောင့် သူများပြုံးတာ ငိုနေတာလားလို့ တောင်ထင်ရတယ်ဗျာ။

၈။ ။ မင်းရဲ့  ချိုမျှတဲ့ စကားလုံးလေးတွေကြောင့် သီချင်းတောင် နားမထောင်ဖြစ်တော့ဘူးကွာ။

၉။ ။ မင်းချစ်ကို ရတဲ့ညက သိန်းထီပေါက်တာထက် ကိုယ်ပျော်ခဲ့ပါတယ်။



ပြုစုသူ။ ။ လေပြေ

No comments: